Entertainment

(၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

By admin_webportal

Copyright myawady

(၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

Skip to main content

နေပြည်တော် အောက်တိုဘာ ၁၁

၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာလ ၇ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၊ အမျိုးသား စာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံနှင့် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

အဆိုပါပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက် နံနက် ၈ နာရီ ၃၀မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပမည်ဖြစ်ရာ ထိုသို့ကျင်းပပုံများကို နံနက် ၈ နာရီ ၁၅ မိနစ်မှစတင်ပြီး MRTV – HD၊ MRTV – Entertainment ၊ MRTV-Parliament ၊ MRTV – NRC ၊ မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD-HD Channel ၊ MWD Variety – HD Channel တို့မှ လည်းကောင်း၊ MOI Website ၊ MOI Youtube ၊ MRTV APP: အပါအဝင် MRTV Online Platform တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့် ပြသမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM ၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။

ပြည်တွင်းသတင်း