မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကျင်းပ
By admin_webportal
Copyright myawady
Skip to main content
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၈
မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း ဒသမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel (Yangon Ballroom)၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များ၊ နည်းပညာအသစ်များနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို ပိုမိုတိုးတက်အောင် ဒေသတွင်း နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင်ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ကြောင်းနှင့် လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်းအနေဖြင့် လုပ်ငန်းရှင်များကို ဦးဆောင်လက်တွဲပြုကာ နိုင်ငံ၏စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အင်တိုက်အားတိုက်ဖြင့် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက အမှာစကားပြောကြားပြီး အသင်းချုပ်၏ သက်တမ်းအဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဥက္ကဋ္ဌများက ဂုဏ်ပြုစကားများပြောကြားသည့် Video Clip ကိုပြသသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော်က နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခင်းကျင်း ပြသထားသည့် MSME ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲများနှင့် Business Matching လုပ်ငန်းရှင်များ အချင်းချင်း မိတ်ဆက်ဆွေးနွေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)
ပြည်တွင်းသတင်း