ဘာစီလိုနာအသင်း၏ အိမ်ကွင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦးကူးစက်ရောဂါတွေ့ရှိပြီးနောက် စစ်‌ဆေးမှုများ လုပ်ဆောင်နေ
ဘာစီလိုနာအသင်း၏ အိမ်ကွင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦးကူးစက်ရောဂါတွေ့ရှိပြီးနောက် စစ်‌ဆေးမှုများ လုပ်ဆောင်နေ
Homepage   /    health   /    ဘာစီလိုနာအသင်း၏ အိမ်ကွင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦးကူးစက်ရောဂါတွေ့ရှိပြီးနောက် စစ်‌ဆေးမှုများ လုပ်ဆောင်နေ

ဘာစီလိုနာအသင်း၏ အိမ်ကွင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦးကူးစက်ရောဂါတွေ့ရှိပြီးနောက် စစ်‌ဆေးမှုများ လုပ်ဆောင်နေ

admin_webportal 🕒︎ 2025-11-07

Copyright myawady

ဘာစီလိုနာအသင်း၏ အိမ်ကွင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦးကူးစက်ရောဂါတွေ့ရှိပြီးနောက် စစ်‌ဆေးမှုများ လုပ်ဆောင်နေ

Skip to main content ဘာစီလိုနာအသင်း၏ အိမ်ကွင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦးကူးစက်ရောဂါတွေ့ရှိပြီးနောက် စစ်‌ဆေးမှုများ လုပ်ဆောင်နေ ဘာစီလိုနာအသင်း၏ အိမ်ကွင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦးကူးစက်ရောဂါတွေ့ရှိပြီးနောက် စစ်‌ဆေးမှုများ လုပ်ဆောင်နေ ဘာစီလိုနာ နိုဝင်ဘာ ၆ ‌ဘာစီလိုနာအသင်း၏ အိမ်ကွင်းသစ်တည်ဆောက် နေသည့်လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦး ကူးစက်ရောဂါဖြစ်ပွားပြီးနောက် စစ်ဆေးမှုများ လုပ်ဆောင်ရန် စီမံကိန်းလုပ်ငန်းခွင်ကို ခေတ္တရပ်ဆိုင်း ထားကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် အသင်းအိမ်ကွင်းဖြစ် သည့် နူးကမ့်အားကစားကွင်းကြီးကို ဖြိုချကာ အဆင့် မြင့်အားကစားကွင်းသစ်တည်ဆောက်နေပြီး လာမည့် နှစ်ဆန်းပိုင်းတွင် ပြီးဆုံးမည်ဖြစ်သည်။ လက်ရှိ ဘာစီလိုနာအသင်း အိမ်ကွင်းသစ်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသည့် အလုပ် သမားတစ်ဦးသည် ကျန်းမာရေး မကောင်းသဖြင့် ဆေးစစ်မှုများလုပ်ဆောင်ခဲ့ရာ တီဘီရောဂါပိုးတွေ့ရှိကြောင်း သိရှိရပြီးနောက် နောက်ထပ်အလုပ်သမားများကို ကူးစက်နိုင်သည့် အခြေအနေ ရှိသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှ တခြားအလုပ်သမားများကိုလည်း ဆေးစစ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ Bercelona Public Health Agency က အလုပ်သမားတစ်ဦး တီဘီရောဂါပိုးတွေ့ရှိခဲ့ကြောင်း အတည်ပြုကြေညာပြီးနောက် ၎င်းနှင့်အတူ လုပ်ကိုင်ခဲ့သည့် အလုပ်သမား ၂၃ ဦးကိုလည်း ဆေးစစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ အဆိုပါအလုပ်သမား ၂၃ဦးတွင် တီဘီရောဂါပိုး တွေ့ရှိသူ အနည်းဆုံး နှစ်ဦးနှင့်အထက်တွေ့ရှိမည် ဆိုပါက Bercelona Public Health Agency က အလုပ်သမားများကြား တီဘီရောဂါပိုးကူးစက်မှု များရှိနေသည်ဟု ထပ်မံအတည်ပြုသွားမည်ဖြစ် ကြောင်း သိရသည်။ Ref;Fotmob

Guess You Like

7 Early Warning Signs You Should Never Ignore
7 Early Warning Signs You Should Never Ignore
Many young adults ignore early...
2025-11-03